polygon
polygon
polygon

Director of the Board

DAVID HENDERSON

ဘုတ်အဖွဲ့ ဒါရိုက်တာ

Mr. David သည် လုပ်ငန်းလည်ပတ်မှုနှင့် ဗျူဟာမြောက်သော နယ်ပယ်များတွင် ရရှိသော အတွေ့အကြုံများနှင့်အတူ ကျယ်ပြန့်သော ဘဏ္ဍာရေး၊ စာရင်းပိုင်းနှင့် အခွန်ဆိုင်ရာ နောက်ခံပညာများကို ဘုတ်အဖွဲ့အား ပေးစွမ်းနိုင်သူဖြစ်သည်။

 

သူသည် ROCG Asia Pacific ၏ CEO ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများအား အကြံဉာဏ်များပေးဆောင်သည့်လုပ်ငန်းတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ဆောင်ရွက်ခဲ့ပါသည်။ David သည် ကျယ်ပြန့်သော လုပ်ငန်းအမျိုးမျိုးနှင့် နေရာဒေသများစွာတို့မှ လုပ်ငန်းသစ်များမှအစ အရင်းအနှီးဈေးကွက် စာရင်းဝင်လုပ်ငန်းများအထိ ကုမ္ပဏီဝယ်ယူမှု၊ လုပ်ငန်းဗျူဟာချမှတ်မှု၊ တိုးတက်မှု၊ ငွေသားစီးဆင်းမှုနှင့် အထွေထွေလုပ်ငန်းဆိုင်ရာများ အကြံပေးခြင်းများအတွက် စီးပွားရေးမိတ်ဖက်များစွာနှင့် ဆောင်ရွက်ခဲ့သည်။

 

ထိုကဲ့သို့ ကျယ်ပြန့်သော ကျွမ်းကျင်မှု၊ စွမ်းရည်နှင့် အရည်အချင်းများနှင့်အတူ David ၏ ဘဏ္ဍာရေးနှင့် မဟာဗျူဟာစီမံခန့်ခွဲမှုဆိုင်ရာ အားသာချက်များသည် လုပ်ငန်းအဆင့်သစ်များနှင့် အစုရှယ်ယာတန်ဖိုးများ တိုးတက်အောင်မြင်မှုအတွက် အထောက်အကူပြုမည်ဖြစ်သည်။

လူများထံ ပြန်သွားရန်