Mr. Jenpakorn Veerachayapornpong သည် Siam တက္ကသိုလ်မှ နိုင်ငံတကာ ပရိုဂရမ်တွင် ဟိုတယ်နှင့် ခရီးသွား လာရေး စီမံခန့်ခွဲမှုဘွဲ့ကို ဒုတိယတန်း ဂုဏ်ထူးဖြင့် ရရှိခဲ့ပါသည်။ ဈေးကွက်စီမံခန့်ခွဲမှုနှင့် နိုင်ငံတကာ စီးပွားရေး စီမံခန့်ခွဲ့မှု အဓိကဘာသာရပ်ဖြင့် MBA ဘွဲ့ကို ဆက်လက်သင်ယူရန် ပညာသင်ဆု ကမ်းလှမ်းခြင်း ခံရသူဖြစ်သည်။ သူသည် BBA ဘွဲ့ကို ရရှိပြီးနောက် ကမ္ဘာ့အကောင်းဆုံးဟိုတယ်တွင် တစ်ခုဖြစ်သော “Mandarin Oriental Hotel Bangkok” တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ လူ့စွမ်းအား ပျိုးထောင်သူ ရာထူးဖြင့် Mandarin Oriental ဟိုတယ်တွင် 7 နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း ဟိုတယ် စံချိန်စံညွှန်း ထိန်းသိမ်းရန် သင်တန်းများ စွာကို ပျိုးထောင် သင်ကြားပေးခဲ့သည်။ စီးပွားရေး ထက်မြက်မှုနှင့် ရလဒ် စွမ်းဆောင်နိုင်မှုများကြောင့် 26 နှစ်အရွယ် တွင် သူသည် ထိုင်းနိုင်ငံ ဘတ်သန်း 200 ပရီမီယံ အဝတ်လျှော် လုပ်ငန်း “i-Klean” ၏ အကြိုအဖွင့်အဖွဲ့အတွက် အထွေထွေမန်နေဂျာ ဖြစ်ခဲ့သည်။ သူသည် ဈေးကွက် ရှာဖွေရေး ဗျူဟာကို အောင်မြင်စွာ ချမှတ်နိုင်ခဲ့ပြီး B2B နှင့် B2C တွင် ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် ရောင်းအား 20% မြှင့်တင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် Ayudhaya ဘဏ်၊ အာရှစီးပွား ရေးချိတ်ဆက်မှု၊ ထိုင်းနိုင်ငံ ဟိုတယ်များအသင်း၊ 3K ဘက်ထရီ၊ ထိုင်းနိုင်ငံ စတော့အိတ်ချိန်း၊ ပို့ကုန် မြှင့်တင်ရေးဌာန စသည့်တို့၏ ကုမ္ပဏီများနှင့် အမှုဆောင်များအတွက် သီးသန့်စီစဉ်ပေးသော သင်တန်းများ ပို့ချခြင်း အပါအဝင် "Miracle Hotel Group"၊ "Chatrium Residence Sathorn Bangkok Hotel" နှင့် "Minor Food Group" ကဲ့သို့သော အဖွဲ့အစည်းများအတွက် "လူစွမ်းအားနှင့် ယဉ်ကျေးမှု" ကို စီမံခန့်ခွဲ လမ်းညွှန်ရာတွင် 18 နှစ်ကျော်သော အတွေ့အကြုံ ရှိသူဖြစ်သည်။ လူစွမ်းအားနှင့် ယဉ်ကျေးမှုကို စီမံလမ်းညွှန်ရာတွင် သူ၏အောင်မြင်မှုမှတ်တမ်း များစွာ ရှိသည်။ Mr. Jenpakorn Veerachayapornpong သည် 2015 ကတည်းကပင် Pacific Healthcare သို့ လူ့စွမ်းအား နှင့် ယဉ်ကျေးမှု - ဒုတိယ ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ခဲ့ပြီး စားသုံးသူကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် စီးပွားရေးလုပ်ငန်းအဖွဲ့ကို ဦးဆောင်ရန် ဒုတိယ ဥက္ကဋ္ဌ - အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။ သူသည် ကျွန်တော်တို့၏ အဖွဲ့အစည်းအား အတွေ့အကြုံနှင့် သန္နိဋ္ဌာန်များကို ဆောင်ယူပေးသော တန်ဖိုးရှိ အရင်းအမြစ်တစ်ခုဖြစ်သည်။