polygon

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ဝေးလံသီခေါင်သော နေရာဒေသတွင် နေထိုင်သူများဖြစ်သော လားဟူ လူမျိုးစုအတွက် ဤရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် လားဟူ နောက်ထပ် - ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့မှု ဟူ၍ ဖြစ်သည်။

 

ရည်မှန်းချက်များနှင့် ပန်းတိုင်များ

လားဟူလူမျိုးသည် မူလအားဖြင့် တရုတ်နှင့် တိဘက်ဒေသတို့မှ လာသော လူနည်းစု မျိုးနွယ်တစ်ခုဖြစ်သည်။ ယနေ့တွင် သူတို့သည် ထိုင်းနိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသများပေါ်နှင့် မြန်မာ၊ လာအိုနှင့် တရုတ် နယ်စပ် ဒေသများတွင် နေထိုင်လျက်ရှိသည်။ လားဟူလူမျိုးသည် ထိုင်းနိုင်ငံ မယ်ဟောင်စွန်၊ ချင်းမိုင်၊ ချင်းဟိုင်း ဒေသများတွင် နေထိုင်လျက်ရှိပြီး လူမျိုးစုလေးစုရှိသည်။ ယင်းတို့မှာ လားဟူနက်၊ လားဟူဝါ၊ လားဟူနီ နှင့် ရှီလေ တို့ဖြစ်သည်။ လူမျိုးစုအမည်မှာ ယင်းတို့၏ရိုးရာ အဝတ်အစား သွင်ပြင်လက္ခဏာပေါ်မူတည်၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ လားဟူနက်သည် နို့နှစ်ရောင် အစင်းကြောင်းများ ပါရှိသော အနက်ရောင် အင်္ကျီမျိုးကို ဝတ်ဆင်ကြသည်။ အင်္ကျီလက်မှာ အနီရင့်ရောင်နှင့် အဝါရောင်များဖြစ်သည်။

 

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မယ်ဟောင်စွန်ခရိုင်အတွင်းတွင် လားဟူနက် လူမျိုးစုများ နေထိုင်သော ဂျဘို၊ ဘန် ဖာဖိတ်၊ ဟွေဟျာ စသည့် ရွာများ ရှိသည်။ ဂျဘိုရွာတွင် လှပသော ရှုမောဖွယ် သဘာဝ ရှုခင်းများ၊ အထူးသဖြင့် မနက်စောစောပိုင်းတွင် ဓာတ်ပုံရိုက်ချင်စဖွယ် လှပသောတိမ်ပင်လယ်များရှိခြင်းကြောင့် လူသိများသော ရွာတစ်ရွာဖြစ်ကာ နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသွားများအတွက် နေထိုင်တည်းခိုအိမ်များလည်းရှိသည်။

 

ဘန်ဖာဖိတ်ရွာတွင်မူ အိမ်ခြေပေါင်း 100 ရှိပြီး လူကြီးဦးရေ 150 နှင့် ကလေးငယ်များဦးရေ 30 ဝန်းကျင်ရှိသည်။ ရွာသူရွာသားများသည် တောင်ယာလုပ်ကိုင်ကြပြီး အဓိကအားဖြင့် ပဲနီနှင့် ပြောင်းဖူးများကို စိုက်ပျိုးကြသည်။ စီးပွားရေးအားဖြင့်ဆိုရလျှင် ရွာသားများအားလုံး၏ ပင်မဝင်ငွေမှာ တစ်နှစ်တစ်ကြိမ် ပဲနီများကို ရောင်းချခြင်းပင်ဖြစ်သည်။ ပွဲစားများ၏ သတ်မှတ်ဈေးအတိုင်းသာ ဈေးရခြင်းကြောင့် ယင်းတို့အတွက် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ အစားအသောက် အချိန်မှန် မစားသုံးနိုင်ခြင်းကြောင့် ရွာသူရွာသား အတော်များများသည် အစာအိမ်ဆိုင်ရာ ရောဂါများကို ခံစားနေရလျက်ရှိသည်။ ဘန်ဖာဖိတ်ရွာသည် ဂျဘိုရွာနှင့် ဟွေဟျာရွာကြားတွင် တည်ရှိပြီး ပထဝီ အနေအထားအရ တောတောင်များမှ သဘာဝ ရေအရင်းအမြစ် ရရှိရန် ခက်ခဲသည့် နေရာဖြစ်သည်။ ရေရှိသော်လည်း သောက်သုံးရန်နှင့် စိုက်ပျိုးရေးသုံးရန်အတွက် လောက်ငှမှု မရှိပေ။

 

ကန့်သတ်ချက်များနှင့် လိုအပ်ချက်များနှင့်အတူ PHC သည် “လားဟူ နောက်ထပ်” - ပိုမိုကောင်းမွန်ပြီး ရေရှည် တည်တံ့မှု အစီအစဉ်အောက်တွင် ဘန်ဖာဖိတ်ရွာနေ လားဟူနက် လူမျိုးစုများ၏ ရေရှည် ကျန်းမာရေးနှင့် သုခချမ်းသားရေး 6 နှစ်တာကာလ မြှင့်တင်ပေးရေးအတွက် 2021 ခုနှစ်မှစပြီး စဉ်းစားဆောင်ရွက်လျက် ရှိသည်။ အမြင့်ဆုံးပန်းတိုင်မှာ ကျန်းမာရေး၊ သုခချမ်းသာရေးနှင့် တန်းတူညီမျှရေးတို့ဖြစ်သည်။


 

2021

  1. PHC သည် ရွာတွင်း ဦးဆောင်လူငယ်များအဖွဲ့ကို ဖွဲ့စည်းပြီး ကျေးလက် HCPs များ (ဒေါက်တာ ဆုဖတ် ကျိုင်ငမ်း၊ ခွန်ယွမ်းဆေးရုံ ဒါရိုက်တာ၊ မယ်ဟောင်စွန်၊ ထိုင်းနိုင်ငံ) နှင့် ဒေသခံ စေတနာ့ဝန်ထမ်းများက ရောဂါစစ်ဆေးမှုများမှအစ ဆေးပေးမှုများအထိ ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများ ပေးခြင်း၊ ကျေးလက် ဆေးပေးခန်းအတွက် လိုအပ်သော ဆေးဝါးများ လှူဒါန်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။
  2. PHC သည် အဖွဲ့ဝင်များ အချင်းချင်းမှ ပေးကမ်းလှူဒါန်းသော တစ်ပတ်ရစ် ပစ္စည်းများ ရောင်းချနိုင်သော “ကလေးငယ်များ၏ သုခချမ်းသာရေးအတွက် Virtual Garage Sales” အစီအစဉ်ကိုလည်း စီစဉ်ဆောင်ရွက်ခဲ့သည်။ ယင်းမှ ဘတ်ငွေ 30,000 ကို ရရှိခဲ့ပြီး အဆိုပါ ငွေပမာဏဖြင့် ဘန်ဖာဖိတ် လားဟူရွာမှ နေ့ဘက် အလုပ်လုပ်ရမည့် မိဘများအတွက် လမ်းလျှောက်တတ်ခါစ ကလေးငယ်များကို စောင့်ရှောက်ပေးသော နေ့ဘက်ကလေးထိန်းစင်တာကို ပြုပြင်မွမ်းမံခဲ့သည်။
  3. PHC သည် ဒေသခံ ဆရာ ဆရာမများအား ကလေးငယ်များ၏ ပညာရေး အရည်အသွေးကို မြှင့်တင်ပေးစေနိုင်သော သင်ကြားမှု ကိရိယာအသစ်များဖြင့် မိတ်ဆက် သင်ကြားပေးခဲ့သည်။ စာသင်ကျောင်းအတွက် ကွန်ပျူတာနှင့် အားကစားပစ္စည်းများကိုလည်း ပံ့ပိုး လှူဒါန်းခဲ့ပါသည်။
  4. PHC သည် သဘာဝပတ်ဝန်းကျင်အတွင်း အမှိုက်တိုးပွားခြင်းကို ရှောင်ကြဉ်စေနိုင်ရန် ကျေးလက်ပြည်သူ လူထုများအား အမှိုက်ခွဲခြားခြင်းဆိုင်ရာ အသိပညာနှင့် အပျော်ခရီးသွားနေရာတစ်ခုဖြစ်ပြီး ဝင်ငွေတိုးပွားစေရန်အတွက် လားဟူနက် လူမျိုးစု ရိုးရာယဉ်ကျေးမှုကို လူမှုကွန်ယက် မားကက်တင်း ပြုလုပ်နည်းဆိုင် ပညာရပ်များကိုလည်း သင်ကြားပေးခဲ့သည်။


 

2022

PHC သည် ရောဂါစစ်ဆေးခြင်းနှင့် ဆေးဝါးများပံ့ပိုးပေးခြင်း၊ ဆေးဝါးများလှူဒါန်းခြင်း၊ ဒေသခံ ဆရာ ဆရာမများအား သင်ကြားရေးကိရိယာသစ်များနှင့် အသုံးချ နည်းလမ်းများကို ပံ့ပိုးပေးခြင်း၊ အပျော်ခရီးသွား နေရာများနှင့် လက်မှုထုတ်ကုန်များကို မြှင့်တင်ရန် ဒီဂျီတယ် မားကတ်တင်း ပြုလုပ်နည်းများ ပံ့ပိုးပေးခြင်း စသည့် အခြေခံလိုအပ်ချက်များကို ကူညီပံ့ပိုးပေးခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် သုခချမ်းသာရေး တို့ကို ဆက်လက်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။

 

ဤအားထုတ်မှုသည် ရွာသားများအတွက် သုခချမ်းသာရေးနှင့် တန်းတူညီမျှရေးကို စဉ်ဆက်မပြတ် တိုးပွား စေမည်ဖြစ်သည်။ စီးပွားရေးဆိုင်ရာအားဖြင့်ဆိုရလျှင် ရွာအနေအထားမှာ လှပသော သဘာဝရှုခင်းများဖြင့် ဝိုင်းရံထားခြင်းကြောင့် အခြေခံလိုအပ်ချက်ဖြစ်သော သောက်သုံးရေလုံလောက်စွာရရှိလျှင် အပျော်ခရီးသွား နေရာအဖြစ် ဖော်ဆောင်ခွင့် ရရှိမည်ဖြစ်သည်။

02

img-02.jpg
icon-healthcare.svg
polygon